International

ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် ပေါ်တူဂီလူစာရင်းမှာ ရော်နယ်ဒိုပါဝင်

ပေါ်တူဂီအသင်းဟာ ဇွန်လထဲမှာ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် ကစားသမားစာရင်းကို ထုတ်ပြန်လိုက်ရာမှာ အသင်းခေါင်းဆောင် ရော်နယ်ဒို ပါဝင်လာခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ဇွန်လ ၁၇ ရက်မှာ ဘော့စနီးယားနဲ့ ဇွန်လ ၂၀ ရက်မှာ အိုက်စလန်အသင်းနဲ့ ခြေစစ်ပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲတွေအတွက် လူစာရင်းကို ထုတ်ပြန်ခဲ့တာပါ။ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုဟာ ဒီလူစာရင်းကို ဦးဆောင်ပြီး ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းလူစာရင်းမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ပီပီ၊ ပါထရီစီယို၊ ဒါလော့၊ ကန်ဆယ်လို၊ ဘာနာဒိုဆေးလ်ဗား၊ ရုဘင်ဒီယက်စ်၊ ဘရူနိုဖာနန်ဒက်စ်၊ ရာဖေးလ်လီယို၊ ဂျာအိုဖိလစ်နဲ့ ဂျိုတာတို့ ပါဝင်ခဲ့ကြပါတယ်။ဝုလ်ဗ်စ်ကစားသမား တော့တီဂိုးမတ်စ်ကတော့ ဒီလူစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့တာပါ။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖွင့် ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးအနိုင်ရရှိထားခဲ့ပါတယ်။ရော်နယ်ဒိုဟာ ဒီ ၂ ပွဲမှာ သွင်းဂိုး ၄ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးမှာ ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို