Transfer

ဆော်ဒီပရိုလိဂ်က အပြောင်းအရွှေ့ဈေးကွက်ကို ပြောင်းလဲခဲ့တယ်လို့ ဂွာဒီယိုလာဆို

ဆော်ဒီလိဂ်ရဲ့ငွေကြေးသုံးစွဲမှုတွေဟာ အပြောင်းအရွှေ့ဈေးကွက်ကို ပြောင်းလဲခဲ့ပြီး ထိပ်တန်းကလပ်တွေအနေနဲ့ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို သတိထားဖို့လိုအပ်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ဆော်ဒီလိဂ်ဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် နာမည်ကျော်ကစားသမားအများအပြားကို နိုင်ငံအတွင်း ခေါ်ဆောင်နိုင်ဖို့ ကြီးမားစွာဆွဲဆောင်နိုင်ခဲ့တာပါ။မန်စီးတီးတောင်ပံကစားသမား မာရတ်ဇ်နဲ့ နယူးကာဆယ်တောင်ပံကစားသမား စိန့်မက်ဆီမင်တို့ဟာ မကြာသေးခင်က အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဆော်ဒီဟာ ဈေးကွက်ကို ပြောင်းလဲသွားခဲ့ပါတယ်။လွန်ခဲ့တဲ့လအနည်းငယ်က ရော်နယ်ဒိုတစ်ဦးတည်းသွားခဲ့ပါတယ်။ထိပ်တန်းကစားသမားအများအပြားက ဒီလိဂ်မှာသွားရောက်ကစားမယ်လို့ ဘယ်သူကမှထင်ထားမှာမဟုတ်ပါဘူး”

“အနာဂတ်မှာတော့ ကလပ်အသင်းတွေအနေနဲ့ ဒီဖြစ်ပျက်နေတဲ့ အရာတွေကို သတိထားဖို့ လိုအပ်ပါတယ်။မာရတ်ဇ်ဟာ မယုံနိုင်စရာကောင်းတဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး အဲ့ဒါကြောင့် မသွားနဲ့ဆိုပြီး ပြောလို့မရပါဘူး”လို့ ဆိုခဲ့ပါတယ်။

LIVERPOOL, ENGLAND – MAY 14: Josep ‘Pep’ Guardiola, manager of Manchester City, and Riyad Mahrez of Manchester City during the Premier League match between Everton FC and Manchester City at Goodison Park on May 14, 2023 in Liverpool, England. (Photo by James Gill – Danehouse/Getty Images)

လက်ရှိအချိန်မှာလည်း ဆော်ဒီလိဂ်ဟာ ဘိုင်ယန်မြူးနစ်ကစားသမား မာနေးအပါအဝင် ထိပ်တန်းကစားသမားအချို့ကို ခေါ်ယူနိုင်ဖို့လည်း ဆက်ပြီးကြိုးပမ်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား
Transfer

မက်ဆီကို နောက်ထပ်သုံးနှစ်သုံးမိုး အပိုင်ချုပ်ထားဖို့ ပီအက်စ်ဂျီတို့ မျှော်လင့်နေ

ပီအက်စ်ဂျီအသင်းဒါရိုက်တာ လူးဝစ်ကမ်းပို့စ်က လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ကြယ်ပွင့် မက်ဆီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒီကစားသမားက အသင်းသစ်နဲ့