Transfer

ဟော့ဂျ်လန်းကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ အတ္တလန္တာတို့ သဘောတူညီမှုရရှိ

ယူနိုက်တက်အသင်းဟာ အတ္တလန္တာအသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် စီးရီးအေကလပ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူး တစ်ဦးခေါ်ယူနိုင်ဖို့ကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ရာသီသစ်မစတင်ခင်မှာ ဟော့ဂျ်လန်းကို ခေါ်ယူနိုင်တော့မှာပါ။ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်းအတွက် အတ္တလန္တာအသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းပေးရမှာဖြစ်ပြီး စွမ်းဆောင်ရည်တွေပေါ်မူတည်ကာ နောက်ထပ် ပေါင်(၈)သန်းထပ်ပြီး ပေးချေရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးကို ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတယ်လို့ သိရတာပါ။ဟော့ဂျ်လန်းကို နည်းပြ အဲရစ်တန်ဟတ်ဟာ ဦးစားပေးတိုက်စစ်မှူးအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။

ဟော့ဂျ်လန်းကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့တာပါ။ဟော့ဂျ်လန်းဟာ ဒိန်းမတ်လက်ရွေးစင်အတွက် ၂၀၂၂ မှ စတင်ပွဲထွက်ခွင့်ရခဲ့ပေမယ့် ၆ ပွဲကစားအပြီးမှာ ၆ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်းရဲ့အပြောင်းအရွှေ့ကို အမြန်ဆုံးအပြီးသတ်ဖို့ လုပ်ဆောင်နေပြီး ရာသီသစ်မစတင်ခင် ရာသီကြိုခြေစမ်းပွဲမှာပါ အသုံးပြုသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား
Transfer

မက်ဆီကို နောက်ထပ်သုံးနှစ်သုံးမိုး အပိုင်ချုပ်ထားဖို့ ပီအက်စ်ဂျီတို့ မျှော်လင့်နေ

ပီအက်စ်ဂျီအသင်းဒါရိုက်တာ လူးဝစ်ကမ်းပို့စ်က လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ကြယ်ပွင့် မက်ဆီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒီကစားသမားက အသင်းသစ်နဲ့