Transfer

ဘတ်ပီကို အငှားနဲ့ ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ လီဗာပူးလ်အံ့အားသင့်ဖွယ်ဆွေးနွေးမှုပြုလုပ်

လီဗာပူးလ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီကို အငှားနဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ရောင်းချဖို့ ပြင်ဆင်နေပြီး အသင်းရဲ့အာရှခရီးစဉ်လူစာရင်းကနေတောင် ချန်လှပ်ခဲ့တာပါ။ဘတ်ပီကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၂၅၉)သန်းနဲ့ ကမ်းလှမ်းတာကို ပီအက်စ်ဂျီက လက်ခံခဲ့ပါတယ်။

ဒါပေမယ့် ကစားသမားက ငြင်းဆန်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့က ခက်ခဲပါတယ်။ဒီအချိန်မှာ လီဗာပူးလ်အသင်းက တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးလာခဲ့တာပါ။ပီအက်စ်ဂျီအနေနဲ့ ဘတ်ပီကို အလွတ်နဲ့ ဆုံးရှုံးရမှာထက် အငှားကြေးပြန်ရမယ့် ဒီအပြောင်းအရွှေ့အတွက် စဉ်းစားစာရာဖြစ်ခဲ့ပါတယ်။

ဘတ်ပီကတော့ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ လာမယ့်ရာသီအကုန်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာပါ။အဲ့ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ဘတ်ပီ ရီးရယ်လ်အသင်းထံ မပြောင်းခင် ပရီးမီးယားလိဂ်မှာ လာကစားနိုင်အောင် ဆွဲဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အရင်ကလည်း ဘတ်ပီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း လီဗာပူးလ်နဲ့ ကလောပ့်ရဲ့ပရိသတ်ဖြစ်တယ်လို့ ငိရ

ဆက်စပ်သတင်းများ

Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား
Transfer

မက်ဆီကို နောက်ထပ်သုံးနှစ်သုံးမိုး အပိုင်ချုပ်ထားဖို့ ပီအက်စ်ဂျီတို့ မျှော်လင့်နေ

ပီအက်စ်ဂျီအသင်းဒါရိုက်တာ လူးဝစ်ကမ်းပို့စ်က လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ကြယ်ပွင့် မက်ဆီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒီကစားသမားက အသင်းသစ်နဲ့