ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက မွန်အက်စတာအသင်းကို အနိုင်ရခဲ့တဲ့ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒီရာသီ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ရာသီကြိုခြေစမ်းပွဲမှာ ရလဒ်ကောင်းတွေရယူနိုင်ခြင်းမရှိခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ပထမဆုံးပွဲမှာ အယ်လ်ရှာဘတ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာပါ။ဒါပေမယ့် ဒုတိယပွဲမှာတော့ မွန်အက်စတာအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး အယ်လ်နာဆာအသင်းဟာ ပထမဆုံးနိုင်ပွဲရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရရှိခဲ့တဲ့ ဒုတိယသွင်းဂိုးကို ခေါင်းတိုက်ပြီးသွင်းယူခဲ့တာပါ။အယ်လ်နာဆာအသင်းအတွက် နောက်ထပ်သွင်းဂိုးတွေကို တယ်လီစကာ၊အမ်မရီနဲ့ အယ်လီဝီက သွင်းယူခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ဂိုးပေါက်ပျောက်ဆုံးနေလို့ဝေဖန်မှုတွေဟာ အဆုံးသတ်သွားခဲ့တာပါ။အယ်လ်နာဆာအသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် ဇာမာလတ်ခ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သရေတစ်မှတ်ရတာနဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ဒီရာသီမှာ အယ်လ်နာဆာအသင်းနဲ့အတူ ဆုဖလားအားလုံးရယူချင်တယ်လို့ ပြောထားပါတယ်။