Bundesliga Premier League

ဂွာဒီယိုလာနဲ့ ဖြစ်ခဲ့တဲ့အရာတွေကို ဘိုင်ယန်မြူးနစ်အရောက်မှာ ပြောခဲ့တဲ့ ကန်ဆယ်လို

မန်စီးတီးနောက်ခံလူ ကန်ဆယ်လိုဟာ နည်းပြ ဂွာဒီယိုလာနဲ့ ဆက်ဆံရေးအဆင်မပြေတော့တာကြောင့် ပွဲကစားခွင့်ဆုံးရှုံးခဲ့လို့ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ ကမ္ဘာ့ဖလားအပြီးမှာ မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့်မရတော့ဘဲ နည်းပြ ဂွာဒီယိုလာက အကီနဲ့ လူယ်ကစားသမားတွေကိုသာ နေရာပေးခဲ့တာပါ။အဲ့ဒါကြောင့် ကန်ဆယ်လိုဟာ မန်စီးတီးကနေ ထွက်ခွာဖို့ ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။

ကန်ဆယ်လိုနဲ့ ဘိုင်ယန်မြူးနစ်တို့ ချူပ်ဆိုထားတဲ့စာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့်ပါဝင်နေပြီး ကစားသမားသာ ခြေစွမ်းပြနိုင်မယ်ဆိုရင်အပြီးသတ်ပါပြောင်းရွှေ့နိုင်တာပါ။ကန်ဆယ်လိုဟာ ဘိုင်ယန်သတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာနဲ့ ပတ်သက်ပြီးပြောခဲ့ပါတယ်။

ကန်ဆယ်လို “မကြာသေးခင် ရက်သတ္တပတ်အတွင်း ပွဲကစားချိန်နည်းပါးခဲ့တာနဲ့ ဒီဆုံးဖြတ်ချက်ဟာ သက်ဆိုင်မှုရှိပါတယ်။ကျွန်တော်နဲ့ ဂွာဒီယိုလာ ဆက်ဆံရေးအဆင်မပြေဘူးဆိုတဲ့ ထင်ကြေးတွေအများကြီးထွက်ပေါ်ခဲ့ပေမယ့် တကယ်က ကျွန်တော်ဟာ ဒီထက်ပိုပြီးကစားခွင့်ရချင်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

ကန်ဆယ်လိုဟာ လက်ရှိအချိန်မှာ ဘိုင်ယန်အသင်းအတွက် အပြည့်အဝအာရုံစိုက်ပြီး အကောင်းဆုံးပေးဆပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ