ပီအက်စ်ဂျီအသင်းရဲ့လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချခံရဖွယ်ရှိနေတဲ့ တိုက်စစ်မှူး နေမာဟာ ယူနိုက်တက်အသင်းထံ လာချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မျှော်လင့်တကြီးနဲ့ နေမာကို ကမ္ဘာ့စံချိန်တင်ကြေးပေးပြီး ခေါ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို မရယူနိုင်သေးတဲ့ အပေါ် စိတ်ပျက်နေတာပါ။ဒါ့အပြင် နေမာရဲ့ဒဏ်ရာမကြာခဏနေရတာကိုလည်း ပြင်သစ်ကလည်း သည်းမခံနိုင်တော့တာဖြစ်ပါတယ်။
နေမာဟာ ဒီရာသီမှာလည်း ဒဏ်ရာကြောင့် အခုရာသီအကုန်ထိ အနားယူနေရတာပါ။လက်ရှိအချိန်မှာ နေမာကို ခေါ်ယူဖို့ အတွက် မန်စီးတီးအသင်းအပြင် ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဘရာဇီးလ်ကစားသမားကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေက ငွေကြေးအများအပြားနဲ့ ကမ်းလှမ်းထားပေမယ့် ကစားသမားက ဥရောပမှာပဲ ဆက်နေချင်လို့ ဒါကို ပယ်ချထားတာပါ။နေမာကတော့ ပီအက်စ်ဂျီက ထွက်ခွာခဲ့မယ်ဆိုရင် ယူနိုက်တက်ကို ပြောင်းချင်နေပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကလည်း နေမာကို ခေါ်ယူဖို့ကို ငြင်းဆန်ထားခြင်းမရှိလို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။