ယူနိုက်တက်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမားဟောင်း ဒီဂီယာကို ကာလတိုစာချုပ်ချုပ်ဆိုကာ ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီအကုန်ကမှ ၁၂ နှစ်ကြာကစားခဲ့တဲ့ ယူနိုက်တက်အသင်းကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာခဲ့တာပါ။ဒါပေမယ့် အခုအချိန်ထိ အသင်းသစ်မရသေးပဲ ကစားသမားဘဝက အနားယူဖို့တောင်စဉ်းစားနေတာပါ။ဒီဂီယာဟာ အခုအချိန်မှာ မန်ချက်စတာကို ရောက်ရှိနေပြီး ယူနိုက်တက်အမျိုးသမီးအသင်းရဲ့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘရူနို၊ ဗာရန်း၊ လင်ဒီလော့ဖ်၊ တွမ်ဟီတန်တို့နဲ့ တွေ့ဆုံခဲ့ကြသေးတာပါ။ယူနိုက်တက်အသင်းရဲ့နံပတ် ၁ ဂိုးသမားဖြစ်တဲ့ အိုနာနာဟာ ကင်မရွန်းအသင်းနဲ့ အာဖရိကဖလားသွားရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

အိုနာနာသာ ကင်မရွန်းအသင်းအတွက် သွားရောက်ကစားရင် ဇန်နဝါရီလထဲမှာ ကစားမယ့် ယူနိုက်တက်အသင်းရဲ့ပွဲစဉ်အများအပြားကို လွဲချော်ဖွယ်ရှိနေတာပါ။အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဂိုးသမားဟောင်း ဒီဂီယာကို အိုနာနာမရှိတဲ့အချိန်မှာ အစားထိုးဖို့ ကာလတိုစာချူပ်ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။