Premier League

ဂျော်ဂျင်ဟိုကို ကမ္ဘာ့အဆင့်ကစားသမားလို့ ချီးကျူးခဲ့တဲ့ အာတီတာနဲ့ ဟာဗက်ဇ်

အာဆင်နယ်အသင်းနည်းပြ အာတီတာနဲ့ တိုက်စစ်ကစားသမား ဟာဗက်ဇ်တို့ဟာ နယူးကာဆယ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ကမ္ဘာ့အဆင့်ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ နယူးကာဆယ်အသင်းနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တာပါ။ပွဲအပြီးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဟာဗက်က ဂျော်ဂျင်ဟိုနဲ့ ပတ်သက်ပြီး”ကျနော်သူ့အကြောင်းကို အများကြီးသိပြီး၊သူနဲ့တွဲကစားရတာဟာ ကျနော့်အတွက် အလွန်ကောင်းပါတယ်။ဒါက ကျနော့်အတွက်လွယ်ကူစေပြီး သူက ကမ္ဘာ့အဆင့်ကစားသမားပါ”လို့ဆိုခဲ့ပါတယ်။

ဂျော်ဂျင်ဟိုနဲ့ပတ်သက်ပြီး ဟာဗက်ဇ်ပြောဆိုခဲ့တာကို အာတီတာက”သူပြောတာသေချာပါတယ်။ဂျော်ဂျင်ဟိုဟာ ထိပ်တန်းကစားသမားပါ။ဂျော်ဂျင်ဟိုဟာ ဒီပွဲမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်။ဒီပွဲမှာ သူစွမ်းဆောင်ခဲ့တဲ့အရာအတွက် အသိအမှတ်ပြုရမှာပါ”လို့ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီက ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့် အာဆင်နယ်အသင်းဟာ သူ့ကို စာချူပ်သက်တမ်းတိုးခွင့်ကို အသက်သွင်းဖွယ်ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ