Premier League

အဆင့် ၄ အတွင်းယူနိုက်တက်ဝင်ရောက်နိုင်သေးတယ်လို့ ဆိုခဲ့တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၄ နေရာမှာရှိနေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ၈ မှတ်အထိကွာဟနေပေမယ့် အသင်းဟာ အဆင့် ၄ အတွင်းဝင်ရောက်ပြီး ရာသီအဆုံးသတ်နိုင်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက်နိုင်ပွဲရပြီး အကောင်းဆုံးပုံစံတစ်ခုရရှိနေပေမယ့် တိုက်စစ်မှူး ဟေ့ာ့ဂျ်လန်းမပါဝင်နိုင်တာနဲ့အတူ အသင်းရဲ့တိုက်စစ်ပိုင်းဟာ အလုပ်မဖြစ်ခဲ့ဘဲ ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ ဇန်နဝါရီလကတည်းက ဗိုလ်လုပွဲတွေကို ကစားနေတာဖြစ်ပြီး ကျနော်တို့ဟာ ဗိုလ်လုပွဲအများအပြားကို အနိုင်ယူနိုင်ခဲ့ပါတယ်။ကျနော်တို့ဟာ ပိုကြီးမားတဲ့ပုံကို မြင်တွေ့ရမှာဖြစ်ပြီး ဒါက အလွန်ကြည့်ကောင်းပါတယ်။ဒဏ်ရာရကစားသမားတွေပြန်လာရင် ကျနော်တို့ဟာ ပိုပြီးဟန်ချက်ညီမှာပါ”

“ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေပြီး ကျနော်တို့မှာ ရွေးချယ်စရာကစားသမားတွေရှိတဲ့အခါမှာ အလွန်ကောင်းမွန်တဲ့အသင်းဖြစ်တယ်”လို့ ဆိုခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ