Premier League

ကြွက်သားဒဏ်ရာကြောင့် မန်ချက်စတာဒါဘီပွဲစဉ်ကိုလွဲချော်မယ့် ဟော့ဂျ်လန်း

ယူနိုက်တက်အသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းဟာ ကြွက်သားဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်ခန့်အနားယူရမယ်လို့ အသင်းဘက်က အတည်ပြုသွားခဲ့ပါတယ်။

Soccer Football – Premier League – Aston Villa v Manchester United – Villa Park, Birmingham, Britain – February 11, 2024 Manchester United’s Rasmus Hojlund celebrates scoring their first goal Action Images via Reuters/Jason Cairnduff/ File photo

ဟော့ဂျ်လန်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက်ဂိုးသွင်းယူထားတာကြောင့် ဒဏ်ရာကြောင့် အနားယူရမှာက ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာတော့မှာပါ။ဟော့ဂျ်လန်းဟာ ဒဏ်ရာကြောင့် မနက်ဖြန်ကစားမယ့် ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်အပါအဝင် နော်တင်ဟမ်ဖောရက်စ်နဲ့ FA ဖလား၊ မန်စီးတီး၊အဲဗာတန်၊ရှက်ဖီးယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲတွေကိုပါ လွဲချော်ဖို့ ရှိနေတာဖြစ်ပါတယ်။

ရလဒ်ကောင်းတွေဆက်တိုက်ရရှိနေပြီး အဆင့် ၄ အတွင်းဝင်ရောက်ဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်အသင်းအတွက်တော့ အဓိကတိုက်စစ်မှူးကို လာမယ့်ပွဲတွေမှာ လက်လွှတ်ရတော့မှာပါ။ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်းမပါဝင်နိုင်တဲ့ပွဲတွေမှာ ရက်ရှ်ဖိုဒ့်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုရတော့မှာဖြစ်ပါတယ်။

ဟော့ဂျ်လန်းဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားထားပြီး ၁၃ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ