Premier League

ယူနိုက်တက်ကိုရှုံးတဲ့ပွဲအပြီး ဂယက်ရိုက်ခဲ့ကြောင်း အာနိုးလ်ဝန်ခံ

လီဗာပူးရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုးလ်က ယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲအပြီးမှာ အသင်းတွင်း ရိုက်ခတ်မှုရှိခဲ့ပြီး ဒီပွဲအရှုံးကလည်း ထိုက်တန်ခဲ့ကြောင်း ဖွင့်ဟဝန်ခံလာပါတယ်။ ဒီရာသီ ပွဲစဥ် (၃) မှာ ယူနိုက်တက်က လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ယူနိုက်တက်ဟာ အဲ့ဒီပွဲမတိုင်ခင်မှာ အဆင့် (၂၀) ကို ရောက်ရှိနေပေမယ့် လီဗာပူးကိုနိုင်တဲ့ပွဲက သူတို့အတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းတည်းက ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ ဆက်တိုက်နိုင်ပွဲရခဲ့ပြီး လီဗာပူးရဲ့အထက်မှာ ရပ်တည်နေပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ အာနိုးလ်က “ပွဲပြီးချိန်မှာ ကျနော်တို့ နည်းပြနဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး နောက်တနေ့လည်း အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒါတွေက စိတ်ခံစားချက်အပေါ် မူတည်ပြီး လုပ်ခဲ့တာတွေ မဟုတ်ပါဘူး”

“ယူနိုက်တက်နဲ့ပွဲက ပွဲကြီးပွဲကောင်းဖြစ်သလို ဆိုးရွားတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ပွဲတပွဲပေါ့။ ရလဒ်က ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နဲ့ ထိုက်တန်တာရခဲ့လို့ပါ”

“ဒါပေမယ့် ကွင်းထဲမှာလည်း ကျနော်တို့က မှန်ကန်တဲ့အနေအထားမျိုးနဲ့ မကစားနိုင်ခဲ့ပါဘူး။ ဒါက သာမန်မဟုတ်တဲ့ကိစ္စ၊ ကျနော်တို့မှာ ဖြစ်ခဲ့ဖူးတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် တကယ် ပြန်သုံးသပ်ဖို့ လိုအပ်ခဲ့ပါတယ်”

“ဘယ်လိုကစားမယ်၊ ဘယ်လိုရွေ့လျားမယ်၊ ဘယ်လိုခုခံရမယ်ကအစပေါ့” လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းအရ၊ ရလဒ်ပိုင်းအရ ဆက်တိုက်ရုန်းကန်နေရပြီး ဘုန်းမောက်နဲ့တပွဲသာ သက်သောင့်သက်သာ အနိုင်ရရှိခဲ့တာပါ။

အာနိုးလ်ကလည်း ဒီရာသီမှာ ခြေစွမ်းပိုင်းကျဆင်းနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကလည်း ဒဏ်ရာကြောင့် အနားယူရဖို့ရှိနေပါသေးတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ