Premier League

အားကစားဒါရိုက်တာရာထူးနဲ့ ဝက်စ်ဟမ်းထံ ပြန်လာမယ့် နိုဘယ်လ်

အသင်းခေါင်းဆောင်ဟောင်း နိုဘယ်လ်ဟာ အားကစားဒါရိုက်တာရာထူးနဲ့ ၂၀၂၃ ဇန်နဝါရီ ၂ ရက်မှာ ဝက်စ်ဟမ်းအသင်းထံ ပြန်လာမှာ ဖြစ်ပါတယ်။

နိုဘယ်လ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပွဲပေါင်း ၅၅၀ ပါဝင်ကစားပြီးနောက် အခုနွေရာသီမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။နိုဘယ်လ်ဟာ ဝက်စ်ဟမ်းအသင်းမှာ နည်းပြ မိုယက်စ်နဲ့ အလုပ်တွဲလုပ်ရမှာလည်း ဖြစ်ပါတယ်။

နိုဘယ်လ်က “ဒီကိုပြန်လာရတာ တကယ်ကို ဝမ်းသာပါတယ်။ဝက်စ်ဟမ်းအသင်းမှာ ဒီရာထူးကို ရယူရမှာကို ဂုဏ်ယူမိပါတယ်။ဒါဟာ ပုဂ္ဂိုလ်ရေးအရရော ပရော်ဖက်ရှင်နယ်မှာပါ ကျွန်တော်ကြီးပွားတိုးတက်အောင်လုပ်နိုင်တဲ့ အရာလို့ မြင်ပါတယ်”

“ပြီးခဲ့တဲ့ ၂ ရာသီက အလွန်တိုးတက်ခဲ့ပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆက်ပြီးကူညီချင်ခဲ့တယ်”လို့ ပြောခဲ့တာပါ။နိုဘယ်လ်ဟာ ဝက်စ်ဟမ်းကို ၂၀၀၀ က လူငယ်ကစားသမားအဖြစ်နဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

၂၀၀၄ မှာတော့ စီနီယာကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပြီး ၂၀၀၆ မှာ ဟူးလ်စီးတီးနဲ့ အစ်စဝှစ်ခ်ျအသင်းတွေထံ အငှားနဲ့ ကာလတိုသွားရောက်ကစားခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေပြီး တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ