Premier League

ရော်နယ်ဒိုကို နာမည်ပြောင်ပေးထားတဲ့ ယူနိုက်တက်ရဲ့ အမာခံနောက်ခံလူ

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က နာမည်ပြောင်ပေးထားကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါ အာဂျင်တိုင်းသား နောက်ခံလူနဲ့ ရော်နယ်ဒိုနဲ့အကြားမှာလည်း ဆက်ဆံရေး အထူးကောင်းမွန်နေကြောင်း သိရှိရပါတယ်။

မာတီနက်ဇ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲတိုင်းနီးပါး ပါဝင်ကစားခွင့်ရရှိထားပါတယ်။ အရပ်အမောင်း အားနည်းချက်ရှိနေပေမယ့် ဒီကစားသမားက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခြေစွမ်းပြနေပါတယ်။

အချိန်တိုအတွင်းမှာပဲ ယူနိုက်တက်ပရိသတ်တွေရဲ့အချစ်တော်၊ အသင်းရဲ့ အမာခံ ကစားသမားတယောက်ဖြစ်လာခဲ့ပါတယ်။ ရှရစ်ဖ်ကို နိုင်တဲ့ ယူရိုပါလိဂ်ပွဲမှာလည်း ရော်နယ်ဒိုရော၊ မာတီနက်ဇ်ရော ပွဲထွက်ကစားခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် သွင်းဂိုးတဂိုးကို ပင်နယ်တီကတဆင့် သွင်းယူပေးနိုင်ခဲ့ပြီး ဒီရာသီ သူ့အတွက် ပထမဆုံးဂိုးကို ရရှိခဲ့ပါတယ်။ အဲ့ဒီဂိုးရရှိပြီးနောက် အောင်ပွဲခံနေပုံကို ရော်နယ်ဒိုက အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။

အဲ့ဒီပုံအောက်မှာ မာတီနက်ဇ်က ရော်နယ်ဒိုကို “El bichoooo” လို့ ခေါ်ဝေါ်ကာ မှတ်ချက်ပြုခဲ့ပါတယ်။ ဒီစကားလုံးက အင်္ဂလိပ်လိုဆိုရင် “The Bug” လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးတလုံးလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှ နာမည်ပြောင်မရှိဘူးလို့ သိရှိထားရပြီး ဒီနာမည်ကလည်း ရီးရဲလ်မက်ဒရစ်မှာရရှိလာတဲ့ နာမည်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝမှာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ဘက်နောက်ခံလူတွေကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း စပိန်ရေဒီယိုက အစီအစဥ်တင်ဆက်သူတယောက်က ရော်နယ်ဒိုကို အခုလိုမျိုး နာမည်ပေးခဲ့တာဖြစ်ပါတယ်။ ဒါက ကွင်းထဲမှာ ရော်နယ်ဒိုအနေနဲ့ ပြိုင်ဘက်တွေကို အန္တရာယ်ပေးနိုင်တဲ့ အနေအထာကို ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေမှာတော့ ယူနိုက်တက်ကနေ ပြန်လည်ထွက်ခွာဖို့ ကြိုးစားခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းမှာသာ ဆက်ရှိဆဲပါ။ လာမယ့်ဆောင်းရာသီစျေးကွက်မှာတော့ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့က ပြန်လည်လှုပ်ခတ်လာနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ