Premier League

ကတ်စမဲရိုးက ပြိုင်ဘက်တွေကိုထိတာနဲ့ အဝါကတ်ပြခံရတော့တာပဲလို့ ဒိုင်လူကြီးတွေကို တန်ဟတ်ဝေဖန်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က လူတန်အသင်းနဲ့ပွဲမှာ ကတ်စမဲရိုး ထုတ်ပယ်ခံရသင့်တယ်လို့ ပြောဆိုနေမှုတွေအပေါ် တုံ့ပြန်လိုက်ပြီး ကတ်စမဲရိုးဟာ ပြိုင်ဘက်တွေကို ထိမိတာနဲ့ အဝါကတ်ပြသခံခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

ကတ်စမဲရိုးဟာ ဒီပွဲမှာ လူတန်အသင်းနောက်ခံလူ ဘဲလ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အဝါကတ်ပြသခံခဲ့ရပေမယ့် ဘာကလေကို ပြစ်ဒဏ်ကျူးလွန်ချိန်မှာတော့ နောက်ထပ်အဝါကတ်မပြသခံရလို့ ကံကောင်းခဲ့တာပါ။လူတန်ကစားသမားတွေဟာ ကတ်စမဲရိုးကို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက မပြသခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ပထမပိုင်းအပြီးမှာ ကတ်စမဲရိုးကို တော်မီနေးနဲ့ လူစားလဲပြီး အနီကတ်မထိအောင် လုပ်ဆောင်ခဲ့တာပါ။ပွဲအပြီးမှာ နည်းပြ အဲရစ်တန်ဟတ်ကတော့ ကတ်စမဲရိုးအပေါ် ကွင်းလယ်ဒိုင်လူကြီးတွေရဲ့ကိုင်တွယ်ပုံတွေကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “သူဟာ ပြိုင်ဘက်တွေကို မထိရင်တောင် အဝါကတ်ပြသခံနေရတာပါ။ဒီပွဲက အဝါကတ်ဟာ မျှတမှုမရှိပါဘူး။အဲ့ဒါကြောင့် နောက်ထပ်အဝါကတ်မထိအောင် လူစားလဲခဲ့ရတာပါ။သူဟာ ပြိုင်ဘက်တွေကို ထိမိတာနဲ့ အဝါကတ်ပြသခံနေရတယ်”လို့ ဆိုခဲ့ပါတယ်။

ကတ်စမဲရိုးဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ အဝါကတ် ၈ ကြိမ်အထိပြသခံခဲ့ရပြီး မနှစ်ကရာသီကဆိုရင် ပဲလေ့စ်နဲ့ ဆောက်သမ်တန်အသင်းတို့ပွဲမှာ အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ