Premier League

ကျနော့် ကစားသမားက ကမ္ဘာ့ဖလားကန်ခွင့်ရမှာလို့ဆိုလာတဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က သူ့အသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ လာမယ့် ကာတာကမ္ဘာ့ဖလားအတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ လာမယ့် ယူရိုနေးရှင်းလိဂ်ပွဲစဥ်တွေအတွက်တော့ ရပ်ရှ်ဖို့ဒ် အင်္ဂလန်မှာ အရွေးမခံခဲ့ရပါဘူး။

လက်ရှိအချိန်မှာ အသက် (၂၄) နှစ်အရွယ် ဒီကစားသမားက ဒဏ်ရာပြဿနာရှိနေပြီး ယူနိုက်တက်ရဲ့ ဒီကနေ့ညမှာ ကစားမယ့် ရှရစ်ဖ်နဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲကို လွဲချော်မှာပါ။ ဒါ့အပြင် ဒီဒဏ်ရာကြောင့်ပဲ ရပ်ရှ်ဖို့ဒ်က အင်္ဂလန်မှာ အရွေးမခံခဲ့ရတာပါ။

ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် (၃) ဂိုး သွင်းယူပေးထားပါတယ်။ ဒီဂိုးတွေကိုတော့ အာဆင်နယ်နဲ့ပွဲမှာ နှစ်ဂိုး၊ လီဗာပူးနဲ့ပွဲမှာ တဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကစားသမားဟာ တန်ဟက်ခ်ရဲ့ ဦးစားပေး ကစားသမားဖြစ်လာဖို့ရှိပြီး အထောင်တိုက်စစ်မှူးနေရာမှာ ကစားခွင့်ပေးဖို့ တောင်းဆိုထားကြောင်း၊ တန်ဟက်ခ်ကလည်း ရပ်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ်မှာ အနည်းဆုံးဂိုး (၂၀) ရအောင် သွင်းပေးဖို့ ပစ်မှတ်ပေးထားကြောင်း သိရှိရပါတယ်။

ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့ တန်ဟက်ခ်က “ရပ်ရှ်ဖို့ဒ်က ကြီးကျယ်ခမ်းနားတဲ့ အလားအလာနဲ့ အရည်အသွေးတို့ကို ပိုင်ဆိုင်ထားပါတယ်။ လောလောဆယ် သူမကစားနိုင်ပါဘူး။ အာဆင်နယ်နဲ့ပွဲအပြီးရခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့်ပါ”

“ဒါပေမယ့် သူက အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မှာပါ။ သူက တကယ်ကိုကောင်းတဲ့ရာသီတွေကို ဖြတ်သန်းခဲ့ပြီး အခုလည်း အကောင်းဆုံး ပြန်လာပြခဲ့ပြီးပါပြီ။ သူ အကြာကြီး အနားယူရမယ်လည်း မထင်ပါဘူး”

“ဒါပေမယ့် ဘယ်လောက်နားရမယ်ဆိုတာလည်း ကျနော် မသိပါဘူး။ ဒဏ်ရာကလည်း တကယ်ဆိုးရွားတာမျိုးမဟုတ်လို့ မကြာခင် အသင်းနဲ့ ပြန်ပူးပေါင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ