Europa League

ရှရစ်ဖ်ကို ဂိုးသွင်းအပြီးမှာ Shin pads ပြပြီး အောင်ပွဲခံတဲ့အကြောင်း ပြောခဲ့တဲ့ ဆန်ချို

ယူနိုက်တက်အသင်းက ရှရစ်ဖ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဆန်ချိုဟာ ဂိုးသွင်းအပြီးမှာ သူ့ပုံပါတဲ့ Shin pads ထုတ်ပြကာ အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ဒုတိယဂိုးကို ရော််နယ်ဒိုက ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။ယူနိုက်တက်အသင်းဟာ ပထမပွဲမှာ ဆိုစီဒက်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒီနိုင်ပွဲဟာ ဒီရာသီ ယူနိုက်တက်အသင်းအတွက် ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဆန်ချိုကတော့ သူဘာကြောင့် ဒီလို Shin pads ထုတ်ပြပြီးအောင်ပွဲခံခဲလဲဆိုတာကို ပွဲအပြီးမှာ ရှင်းပြသွားခဲ့တာပါ။လူငယ်ပရိသတ်လေးတစ်ဦးက ဆန်ချိုကို Shin pads ပေးခဲ့တာဖြစ်ပါတယ်။

ဆန်ချိုက “သူက ကျွန်တော့်ကို ဒါကို ဝတ်ဆင်စေချင်ခဲ့ပါတယ်။ကျွန်တော်ကလည်း ရတယ်၊ ပြဿနာမရှိဘူးလို့ ပြန်ပြောလိုက်တယ်။အဲ့ဒါကြောင့် သူပေးခဲ့တဲ့ Shin pads ကို ကျွန်တော်ဝတ်ဆင်ခဲ့တယ်ဆိုတာကို ပြသခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

ဆန်ချိုဟာ ဒီရာသီ ယူနိုက်တက်အတွက် ခြေစွမ်းပြသနေပြီး ဒီဂိုးအပါအဝင် ၃ ဂိုးသွင်းယူထားပေမယ့် အဂ်လန်လူစာရင်းမှာတော့ ချန်လှပ်ခံထားရတာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ