Premier League

ဂတ်ပိုလည်းဂိုးသွင်း ၂၀၂၃ မှာလည်း ပထမဆုံးနိုင်ပွဲရခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

လီဗာပူးလ်အတွက် ဂိုးတွေကို ဆာလတ်နဲ့ ဂတ်ပိုတို့က သွင်းယူခဲ့ပြီး ဂတ်ပိုအတွက်ကတော့ လီဗာပူးလ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနိုင်ပွဲဟာ လီဗာပူးလ်အသင်းအတွက် ၂၀၂၃ မှာ ပထမဆုံးရတဲ့ နိုင်ပွဲလည်းဖြစ်ခဲ့တာပါ။

ရလဒ်တွေဆိုးနေလို့ ဝေဖန်မှတွေခံနေရတဲ့ လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရပြီး နိုင်ပွဲပျောက်ဆုံးနေမှုတွေကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၉ နေရာကို ပြန်တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အန်ဖီးကလပ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အဆင့် ၄ နေရာမှာရှိနေတဲ့ နယူးကာဆယ်အသင်းနဲ့ ၉ မှတ်ကွာဟနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် လာမယ့်ပွဲစဉ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ဒီပွဲပြီးရင်တော့ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ