Premier League

ပရီးမီးယားလိဂ်ရဲ့ဒိုင်လူကြီးတွေနဲ့ VAR စနစ်ကို ဒီဇာဘီပြင်းပြင်းထန်ထန်ဝေဖန်

ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့အဆင့်အတန်းကို မေးခွန်းထုတ်လိုက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။

ဒီဇာဘီဟာ မကြာခဏဆိုသလို ပရီးမီးယားလိဂ်မှာရှိတဲ့ ဒိုင်လူကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ခဲ့ပြီး အဝါကတ်ပြသခံနေရတာပါ။ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပွဲမှာလည်း ကွင်းလယ်လူ ဒါဟုဒ်တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက ဒီဇာဘီဟာ သူ့ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ ပွဲအပြီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒီဇာဘီက “အင်္ဂလိပ်ဒိုင်လူကြီး ၈၀ ရာခိုင်နှုန်းကို မကြိုက်ဘူးဆိုတာ ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပဲ ပြောပါရစေ။ကွင်းထဲမှာရှိတဲ့ သူတို့ရဲ့အပြုအမူတွေကိုလည်း မကြိုက်ပါဘူး။အင်္ဂလန်ဟာ VAR ရှိပေမယ့် သူတို့ရဲ့ဆုံးဖြတ်ချက်တောင် မသေချာတဲ့တစ်ခုထဲသောနိုင်ငံပါ”

“တခြားနိုင်ငံမှာဆိုရင် ဒိုင်လူကြီးက ၁၀၀ ရာခိုင်နှုန်းမှန်တယ်ဆိုရင် ဒါက သေချာသွားပါပီ။အင်္ဂလန်မှာတော့ ဒီလိုမဟုတ်ဘူး။အဲ့ဒါကို ကျွန်တော်နားမလည်နိုင်ဘူး”လို့ ဆိုခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ ရှက်ဖီးနဲ့ သရေကျခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ