Premier League

နည်းပြဘ၀မှာ မကြုံစဖူးရလဒ်မျိုးကို ချယ်လ်ဆီးနဲ့ပွဲမှ ခံစားခဲ့ရတဲ့ ဂွာဒီယိုလာ

ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ တစ်ဖက် ၄ ဂိုးစီသရေကျခဲ့ပြီးနောက် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ သူ့ရဲ့နည်းပြဘ၀သက်တမ်းအတွင်းမှာ မကြုံစဖူးရလဒ်မျိုးကို တွေ့ကြုံခံစားခဲ့ရတာဖြစ်ပါတယ်။

အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့တဲ့ ဒီပွဲမှာ ဂွာဒီယိုလာဟာ သူ့ရဲ့နည်းပြသက်တမ်းအတွင်း ၈၈၂ ပွဲမှာ သူ့အသင်းက ၄ ဂိုးသွင်းပြီး ပြိုင်ဘက်အသင်းကို ၄ ဂိုးပြန်ပေးခဲ့ရတဲ့ ပွဲစဉ်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတာပါ။အဲ့ဒါကြောင့် ဒီမှတ်တမ်းဟာ ဂွာဒီယိုလာအတွက် မလိုချင်တဲ့ မှတ်တမ်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ အနိုင်မရခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ လီဗာပူးလ်၊အာဆင်နယ်အသင်းတို့ထက် ရမှတ် ၁ မှတ်အသာရပြီး လိဂ်ပြိုင်ပွဲကို ဆက်လက်ဦးဆောင်နေတာပါ။မန်စီးတီးအသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာတော့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ဒီရာသီမှာ လီဗာပူးလ်၊ အာဆင်နယ်၊ စပါးနဲ့ မန်စီးတီးအသင်းတို့နဲ့ ကစားအပြီးမှာ ရှုံးပွဲလုံး၀မရှိခဲ့ဘဲ ၁ ပွဲနိုင် ၃ ပွဲသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ