Premier League

သေချာပေါက်ရရှိမယ့် ပင်နယ်တီငြင်းခံရလို့ ဒေါသထွက်နေတဲ့ ကလော့ပ်

လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ နာကျင်အချိန်ပိုမှာ လီဗာပူးလ်အသင်းရရှိမယ့် ပင်နယ်တီငြင်းပယ်ခံခဲ့ရတာကြောင့် နည်းပြ ကလောပ့်ဟာ ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာ မန်စီးတီးကစားသမား ဒိုကူဟာ လီဗာပူးလ်အသင်းက အယ်လစ္စတာရဲ့ရင်ဘတ်ကို ကန်ကျောက်ခဲ့ပေမယ့် လီဗာပူးလ်အသင်း ပင်နယ်တီရရှိခဲ့ခြင်းမရှိတာပါ။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး VAR က ပြန်လည်စစ်ဆေးခဲ့ပေမယ့် လီဗာပူးလ်အသင်းဘက်ကို ပင်နယ်တီပေးဖို့ ဆုံးဖြတ်ချက်ကို ပြောင်းခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ နိုင်ပွဲနဲ့ ဝေးခဲ့ပြီး အဆင့် ၁ နေရာကို အာဆင်နယ်အသင်းထံ ဂိုးကွာခြားချက်နဲ့ ပေးခဲ့ရတာပါ။ကလောပ့်ကတော့ ဒီပင်နယ်တီဟာ သူတို့သေချာပေါက်ရရှိမယ့် ပင်နယ်တီဖြစ်တယ်ဆိုတာ ဘောလုံးနဲ့ပတ်သက်တဲ့သူတိုင်း နားလည်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကလော့ပ်က”ဒါက ၁၀၀ ရာခိုင်နှုန်းပင်နယ်တီပါ။တစ်စုံတစ်ဦးက ဘာကြောင့်ပင်နယ်တီမပေးလဲဆိုတာကို လာပြီးရှင်းပြတာ ဒါမှမဟုတ် ဟောင်းဝပ်ဝက်က ဖုန်းဆက်ပြီး တောင်းပန်တာတွေလုပ်လာနိုင်ပါတယ်။ဒီလိုပြစ်ဒဏ်ကျူးလွန်တာက ကွင်းထဲမှာရှိတဲ့ဘယ်နေရာမှာမဆို သေချာပေါက် ပြစ်ဒဏ်ဘောနဲ့ အဝါကတ်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ