Premier League

အနိုင်ဂိုးမသွင်းခင်ကတည်းက ဟာဗက်ဇ်ကို ထုတ်ပယ်သင့်တယ်လို့ ပြောခဲ့တဲ့ သောမက်စ်ဖရန့်ခ်

ဘရန်ဖိုဒ့်အသင်းနည်းပြ သောမက်စ်ဖရန့်ခ်က အာဆင်နယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲမှာ အာဆင်နယ်အသင်းကစားသမား ဟာဗက်ဇ်ကို ထုတ်ပယ်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ရမ်စဒေးလ်ရဲ့အမှားကနေ ဝစ်ဆာက ဘရန်ဖိုဒ့်အသင်းအတွက် ချေပဂိုးကို ပြန်သွင်းယူခဲ့တာပါ။ဒါပေမယ့် ပွဲချိန် ၈၆ မိနစ်မှာ ဟာဗက်ဇ်က အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဟာဗက်ဇ်ဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ အဝါကက်ထိခဲ့ပြီး ဒုတိယပိုင်းဂိုးဧရိယာထဲ ဟန်ဆောင်လှဲချတာကနေ ဒုတိယအဝါကတ်ထိသင့်တယ်လို့ ဘရန်ဖိုဒ့်နည်းပြက ယုံကြည်နေတာပါ။

သောမက်စ်ဖရန့်ခ်က”ဟာဗက်ဇ်က ရှင်းရှင်းလင်းလင်း ဒိုင်ဗင်ထိုးခဲ့တာပါ။ဒါက ဒုတိယအဝါကတ်နဲ့ အနီကတ်ဖြစ်သင့်ပါတယ်။အဲ့ဒါဆိုရင် သူလည်း အနိုင်ဂိုးသွင်းယူနိုင်တော့မှာမဟုတ်ပါဘူး။ဒါဆိုရင် ကျွန်တော်တို့က ပွဲကို အရှိန်မြှင့်ပြီး အနိုင်ရလဒ်တောင်ရယူသွားနိုင်တယ်”လို့ ဆိုခဲ့ပါတယ်။

LONDON, ENGLAND – MARCH 09: Kai Havertz of Arsenal celebrates scoring his team’s second goal during the Premier League match between Arsenal FC and Brentford FC at Emirates Stadium on March 09, 2024 in London, England. (Photo by David Price/Arsenal FC via Getty Images)

ကိုင်ဟာဗက်စ်ဟာ အာဆင်နယ်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၄ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးကာ အသင်းအတွက်ခြေစွမ်းပြသနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် နည်းပြ အာတီတာက ပွဲအပြီးမှာ ဟာဗက်ဇ်ကို ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် လီဗာပူးလ်နဲ့မန်စီးတီးပွဲမကစားခင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ