Premier League

ရက်ရှ်ဖိုဒ့်ကို ဒုတိယမြောက်ပင်နယ်တီပေးကန်တာနဲ့ပတ်သက်ပြီး ပြောလာခဲ့တဲ့ ဘရူနို

ယူနိုက်တက်အသင်းက အဲဗာတန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့အနိုင်ရတဲ့ပွဲမှာ ဒုတိယမြောက်ရရှိတဲ့ ပင်နယ်တီကို အသင်းဖော် ရက်ရှ်ဖိုဒ့်ကို ဘာကြောင့်ပေးကန်ခဲ့လဲဆိုတာကို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြောလာခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ဦးစားပေးပင်နယ်တီကန်သွင်းတဲ့သူဖြစ်ပြီး ဒီပွဲမှာ ရရှိခဲ့တဲ့ ပထမဆုံးပင်နယ်တီကို သူကိုယ်တိုင်ကန်သွင်းခဲ့တာပါ။အဲ့ဒါကြောင့်လည်း ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းသမိုင်းမှာ ပင်နယ်တီကနေ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂၉ ဂိုးနဲ့ ထိပ်ဆုံးနေရာကနေ ရပ်တည်ခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲမှာ ရရှိတဲ့ ဒုတိယမြောက်ပင်နယ်တီကို အသင်းဖော် ရက်ရှ်ဖိုဒ့်ကို ပေးကန်ခဲ့ပြီး ရက်ရှ်ဖိုဒ့်လည်း အကောင်းဆုံးအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့်ဟာ ဒီရာသီမှာ သွင်းဂိုးတွေရယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်ခံနေရပေမယ့် နောက်ဆုံး ၂ ပွဲဆက်တိုက်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်က”မားကပ်စ်ကို ကန်သွင်းချင်လားလို့ ကျနော်မေးခဲ့ပြီး သူကလည်း ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။သူဟာ နည်းပြက ရွေးချယ်ပေးထားတဲ့ ပင်နယ်တီကန်သွင်းသူတွေထဲက တစ်ဦးပါ။ကျနော်ဟာ ပထမဂိုးကန်သွင်းပြီးပြီဖြစ်လို့ မားကပ်စ်ကလည်း ပင်နယ်တီကနေ သူ့ရဲ့သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ