Premier League

လီဗာပူးလ်နဲ့ မန်စီးတီးပွဲမတိုင်ခင် အပြန်အလှန်လေတိုက်ခဲ့ကြတဲ့ အာနိုးလ်နဲ့ ဟာလန်း

လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဒီတစ်ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် ထိပ်တိုက်တွေ့ဆုံကြရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ လီဗာပူးလ်နောက်ခံလူ အာနိုးလ်နဲ့ ဟာလန်းတို့က အပြန်အလှန်စကားစစ်ထိုးနေကြတာဖြစ်ပါတယ်။

ဒီပွဲဟာ ၂ သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး လီဗာပူးလ်အသင်းသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်မှာဖြစ်ပြီး မန်စီးတီးအသင်းက အဆင့် ၁ နေရာကို တက်နိုင်မှာပါ။အဲ့ဒါကြောင့် အကြိတ်အနယ်ရှိမယ့်ပွဲမတိုင်ခင်မှာ စကားစစ်ထိုးမှုတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်နေတာဖြစ်ပါတယ်။

အာနိုးလ်က”မန်စီးတီးအသင်းက ကျနော်တို့ထက် ဆုဖလားပိုရသလို ပိုအောင်မြင်ခဲ့တယ်ဆိုတာ ဟုတ်ပေမယ့် ဒီ ၂ သင်းရဲ့ဘဏ္ဍာရေးအခြေအနေအရဆိုရင် ကျနော်တို့ရယူနိုင်ခဲ့တဲ့ ဆုဖလားက ကျနော်တို့နဲ့ ကျနော်တို့ရဲ့ပရိသတ်တွေအတွက် ပိုပြီးအဓိပ္ပါယ်ရှိလိမ့်မယ်”လို့ ဆိုခဲ့တာပါ။

ဒါကို ဟာလန်းက “ကျနော်ဒီမှာ တစ်နှစ်ရှိခဲ့ပြီး ဆုဖလား ၃ လုံးရယူနိုင်ခဲ့ပါတယ်။ခံစားချက်က အလွန်ကောင်းပါတယ်။သူက ဒီလိုခံစားချက်အတိအကျကို သိမှာမဟုတ်ပါဘူး။သူအဆင်ပြေတာကို ပြောလို့ရပါတယ်။ကျနော်ကတော့ ဒါကို စိတ်မဝင်စားဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဂွာဒီယိုလာကိုင်တွယ်ပြီးကတည်းက ဆုဖလား ၁၄ လုံးရယူနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းဟာ ကလော့ပ်လက်ထက်မှာ ဆုဖလား ၇ လုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ