Premier League

ဘာနာဒိုဆေးလ်ဗားကို မရောင်းဘူးလို့ ပီအက်စ်ဂျီနဲ့ ဘာကာကို ပြောခဲ့တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ရောင်းချသွားမှာမဟုတ်ဘူးလို့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းကို ပြောလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ပေါ်တူဂီကွင်းလယ်ကစားသမားကို ရောင်းချသွားမှာမဟုတ်တဲ့အပြင် စာချုပ်သစ်ချုပ်ဆိုဖို့ပါ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတို့ဟာ အခုအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်း ၂ နှစ်သာကျန်ရှိတော့တဲ့ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

မန်စီးတီးအသင်းဟာ သူ့ကို ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ လက်မလွှတ်ချင်သလို အလွတ်နဲ့လည်း မဆုံးရှုံးချင်တာကြောင့် စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဘာနာဒိုဆေးလ်ဗားအပြင် ဝေါလ်ကာကို အသင်းမှာဆက်ထိန်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားတာပါ။

TOKYO, JAPAN – JULY 26: Bernardo Silva of Manchester City reacts during the preseason friendly match between Manchester City and Bayern Muenchen at National Stadium on July 26, 2023 in Tokyo, Japan. (Photo by Tom Flathers/Manchester City FC via Getty Images)

ဘာနာဒိုဆေးလ်ဗားဟာ မိုနာကိုအသင်းကနေ ရောက်ရှိလာပြီးကတည်းက မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး မနှစ်ကရာသီက အသင်းဆုဖလား ၃ လုံးရယူနိုင်ခဲ့တာမှာ အရေးပါတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနေ့ညမှာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ