Premier League

တန်ဟတ်ကို ထုတ်ပယ်ဖို့ ရက်ကလစ်ဖ်ဆုံးဖြတ်ပြီးပြီလို့ ယုံကြည်နေတဲ့ ပေါလ်စခိုးလ်

ယူနိုက်တက်အသင်းဂန္ထဝင် ပေါလ်စခိုးလ်က အသင်းရဲ့ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ဟာ နည်းပြ အဲရစ်တန်ဟတ်ကို ဒီရာသီအကုန်မှာ ထုတ်ပယ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတာ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာရှုံးပွဲ ၁၁ ပွဲအထိကြုံတွေ့ခဲ့ပြီးဖြစ်သလို အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၁၁ မှတ်အထိကွာဟနေပြီဖြစ်ပါတယ်။အဲ့ဒါကြောင့် အဲရစ်တန်ဟတ်ဟာ သူ့ရဲ့နည်းပြရာထူးနဲ့ ပတ်သက်ပြီး ဖိအားတွေကြုံတွေ့နေရပြီဖြစ်ပါတယ်။

ပေါလ်စခိုးလ်က”ရက်ကလစ်ဖ်တို့ဟာ နည်းပြရာထူးနဲ့ ပတ်သက်ပြီးဆုံးဖြတ်ပြီးပြီလို့ထင်ပါတယ်။အဲ့ဒါကြောင့် လာမယ့်ရာသီ သူအသင်းမှာဆက်ရှိမယ်လို့မထင်ပါဘူး။အခုအချိန်မှာ ရက်ကလစ်ဖ်တို့ နည်းပြအသစ်ရှာဖွေနေတယ်ဆိုရင် ကျနော်အံ့အားသင့်နေမှာမဟုတ်ပါဘူး။မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ကျနော်မပြောပေမယ့် တန်ဟတ်အတွက် ဝမ်းနည်းမိပါတယ်”

“ပထမရာသီမှာ သူကောင်းမွန်စွာလုပ်နိုင်ခဲ့သလို ဖလားလည်းရယူပေးနိုင်ခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ ပိုင်ရှင်အသစ်တွေဟာ နည်းပြတွေကို ပြောင်းလဲလေ့ရှိပြီး သူတို့လည်း ဒီလိုလုပ်လိမ့်မယ်လို့ ကျနော်ထင်ကြောင်း”ဆိုခဲ့ပါတယ်။

အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် တိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့ မန်စီးတီးအသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ