Premier League

စပါးကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူပြီးနောက် အသင်းဖော်တွေကို တီမိုဝါနာချီးကျူး

စပါးအသင်းအသင်းက ပဲလေ့စ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ စပါးအသင်းကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ တီမိုဝါနာက သူ့ရဲ့အသင်းဖော်တွေကို ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီက လိုက်ပ်ဇစ်ကနေ ရောက်ရှိလာခဲ့တဲ့ တီမိုဝါနာဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် ၆ ပွဲကစားအပြီးမှ ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာပါ။တီမိုဝါနာဟာ ပြီးခဲ့တဲ့ပွဲတွေမှာလည်း စပါးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဂိုးရဖို့ ရုန်းကန်နေခဲ့ရသလို ပဲလေ့စ်အသင်းနဲ့ပွဲမှာလည်း ဂိုးရမယ့် အခွင့်အရေးအချို့ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

တီမိုဝါနာက”အသင်းဖော်တွေက ပထမပိုင်းအပြီးမှာ ကျွန်တော့်အနောက်ကရှိနေခဲ့ပြီး ဆက်သွားသင့်တယ်လို့ပြောခဲ့ပါတယ်။သူတို့က ကျွန်တော့်ကို အားပေးထောက်ခံခဲ့ကြပြီး အကူအညီပေးခဲ့ကြပါတယ်။တစ်ပွဲတည်းမှာ အခွင့်အရေး ၂ ခုကို ဆုံးရှုံးရတာဟာ ကြောက်ဖို့ကောင်းခဲ့ပေမယ့် နောက်ဆုံးမှာဂိုးသွင်းနိုင်ခဲ့လို့ အလွန်ပျော်ရွှင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ ဒီပွဲမှာ ပဲလေ့စ်အသင်းဘက်ကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် အနောက်ကနေ လိုက်ပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူနိုင်ခဲ့တာပါ။စပါးအသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် ၁ ပွဲလျော့နဲ့ အဆင့် ၅ နေရာမှာဆက်လက်ရပ်တည်နေပြီး အဆင့် ၄ နေရာက ဗီလာအသင်းနဲ့ ၅ မှတ်ကွာဟနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ