Laliga

ဂရန်နာဒါနဲ့ပွဲမှာ လှပတဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်

ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ အငှားနဲ့ သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဂရန်နာဒါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် လှပတဲ့သွင်းဂိုး ၁ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ဂိုးဧရိယာစည်းထဲကနေ လှပတဲ့ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးဟာ သူ့အတွက် ဒီရာသီ ၄ ဂိုးမြောက်လိဂ်သွင်းဂိုးဖြစ်ခဲ့တာပါ။ဂရင်းဝုဒ်ဟာ ဂိုးသွင်းယူပြီးနောက် ထောင့်ကန်ဘောအလံတိုင်နားကို သွားရောက်ကာ အသင်းပရိသတ်၊အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက်ပြိုင်ပွဲစုံပွဲ၂၀ ပါဝင်ကစားထားအပြီးမှာ ၆ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးထားတာပါ။ဂီတာဖေးအသင်းဟာ ဂရင်းဝုဒ်ကို အငှားစာချုပ်ကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူချင်နေပြီး ယူနိုက်တက်အသင်းကလည်း သူ့ကို ရောင်းချဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းက ဂရင်းဝုဒ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကလည်း ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ သူ့ရဲ့အကြံပေးတွေကို ပြောထားကြောင်း သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား