Laliga

ဂရင်းဝုဒ်ကို မက်ဆီရဲ့ကျောနံပတ် ၁၀ ပေးပြီးခေါ်ယူဖို့ စဉ်းစားနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြသနေတဲ့ ယူနိုက်တက်အသင်းကစားသမား ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဂရင်းဝုဒ်ဟာ စွဲချက်တွေကြောင့် ဘောလုံးလောကနဲ့ တစ်နှစ်နီးပါးကြာဝေးကွာခဲ့ပေမယ့် ပြန်ကစားနိုင်တဲ့အချိန်မှာ ဂီတာဖေးအသင်းနဲ့အတူ ပြန်တောက်ပလာခဲ့တာပါ။ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ပါဝင်ကစားထားတဲ့ ၁၅ ပွဲမှာ ၅ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။

ဒီလိုစွမ်းဆောင်ရည်တွေကြောင့် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေအများအပြားရှိပြီး ဒီထဲမှာ ထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့လည်း ပါဝင်လာခဲ့တာပါ။ဘာစီလိုနာအသင်းကတော့ ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၄၀ အပြင် မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပတ် ၁၀ ကိုပါပေးဖို့ ရှိနေတာဖြစ်ပါတယ်။

ဂီတာဖေးအသင်းကလည်း ဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရှိနေတာပါ။ယူနိုက်တက်အသင်းကတော့ ဂရင်းဝုဒ်ကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေးအများအပြားပေးမယ့် အသင်းတွေရဲ့ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား