ဘာစီလိုနာအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရယ်လ်မက်ဒရစ်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဘယ်လင်ဂမ်က သူဟာ ဒီပွဲမှာ သူ့ရဲ့အကောင်းပုံစံမှာမရှိသေးဘူးလို့ ပြောလိုက်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ဂန်ဒိုဂန်ရဲ့ဦးဆောင်ဂိုးကြောင့် ဘာစီလိုနာအသင်းကို စောစီးစွာဂိုးပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ဘယ်လင်ဂမ်က လှပတဲ့ အဝေးကန်ချက်နဲ့ ချေပဂိုး၊ နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။အဲ့ဒါကြောင့် ရီးရယ်လ်အသင်းဟာ ဘာစီလိုနာအသင်းကို အနိုင်ရပြီး လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာ အယ်လ်ကလက်စီကို၊ လာလီဂါနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်တွေမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ရီးရယ်လ်ကစားသမားအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဘယ်လင်ဂမ်ကတော့ ဘာစီလိုနာအသင်းနဲ့ ပွဲမှာ သူ့ရဲ့အကောင်းဆုံးပုံစံမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဘယ်လင်ဂမ်က “ဒီနေ့က ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံမှာရှိမနေပါဘူး။ ကျွန်တော်ဟာ အကောင်းဆုံးပုံစံမရခဲ့ပေမယ့် ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒီပွဲကစားရတာ အလွန်ပျော်ဖို့ကောင်းပါတယ်။ကျွန်တော်ဟာ အိမ်မှာ အယ်လ်ကလက်စီကိုပွဲအများအပြားကို ကြည့်ခဲ့ပြီး ဒီနေ့က ကျွန်တော့်ရဲ့အလှည့်ပဲလို့ သူတို့ကိုပြောခဲ့သလိုပဲ လုပ်နိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၃ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။