Bundesliga

မိမိရဲ့ပိုကောင်းတဲ့သွင်းဂိုး ၁ ဂိုးလို့ ဒမ်စတက်နဲ့ပွဲမှာသွင်းယူခဲ့တဲ့ ဂိုးအပေါ် ဟာရီကိန်းဆို

ဘိုင်ယန်မြူးနစ်အသင်းက ဒမ်စတက်အသင်းကို ၈ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဟာရီကိန်းက ဒီပွဲမှာသွင်းယူခဲ့တဲ့ သွင်းဂိုး ၁ ဂိုးဟာ သူ့ရဲ့ပိုကောင်းတဲ့သွင်းဂိုး ၁ ဂိုးလို့ ပြောသွားခဲ့ပါတယ်။

ဟာရီကိန်းဟာ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဘက်အခြမ်းကနေ အရှေ့ထွက်နေတဲ့ ဒမ်စတက်ဂိုးသမားကျော်ပြီး လှပတဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ဟာရီကိန်းအတွက်တော့ ဒမ်စတက်နဲ့ ပွဲမှာသွင်းယူနိုင်ခဲ့တဲ့ ဟတ်ထရစ်က သူရဲ့ဘိုင်ယန်မြူးနစ်ကစားသမားဘ၀ ဒုတိယမြောက်ဟတ်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။

https://x.com/Mhnd17A/status/1718378866970927290?s=20

ဟာရီကိန်းက “ဒီဂိုးဟာ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ပိုကောင်းတဲ့သွင်းဂိုး ၁ ဂိုးပါ။ပထမပိုင်းထဲက သူတို့ဂိုးသမား စည်းအပြင်ထွက်နေခဲ့တာကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ကျွန်တော်ဒါကို စောင့်ကြည့်နေခဲ့ပြီး ဒီလိုမျိုးဂိုးသွင်းနိုင်ဖို့အတွက်အနည်းငယ် ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ဒီတစ်ဂိုးကတော့ ပြီးပြည့်စုံခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၃ ပွဲပါဝင်ကစားထားပြီး ၁၄ ဂိုးသွင်းယူထားပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ