အသလက်တီကိုမက်ဒရစ်အသင်းဟာ ဗယ်လက်ကာနိုအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါအဝေးကွင်းပွဲစဉ်မှာ ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

အသလက်တီကိုအသင်းအတွက်ဂိုးတွေကို ဂရစ်ဇ်မန်း၊ဒီပိုင်း၊မိုလီနာ၊ ကော်ရီယာနဲ့ လော်ရန်တေးတို့က ၁ ဂိုးစီသွင်းယူခဲ့ပြီး မိုရတာက ၂ ဂိုးသွင်းယူခဲ့ပါတယ်။ဒီနိုင်ပွဲမှာ လာလီဂါပြိုင်ပွဲသမိုင်းမှာ အကြီးမားဆုံးအဝေးကွင်းနိုင်ပွဲအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
အသလက်တီကိုအသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါပွဲစဉ် ၃ပွဲကစားအပြီးမှာ ထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ၂ မှတ်အကွာအဆင့် ၂ နေရာမှာရပ်တည်နေတာပါ။အသလက်တီကိုအသင်းဟာ အခုနောက်ပိုင်းပွဲတွေမှာ အကောင်းဆုံးပုံစံတွေပြသနေပြီး နိုင်ပွဲတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းက “ကျွန်တော်တို့ဟာ ပွဲအစကတည်းက ပြင်းထန်တဲ့ပွဲတစ်ပွဲကို စတင်နိုင်ခဲ့ပါတယ်။ဒါက အရေးကြီးတဲ့ ၃ မှတ်ဖြစ်တာကြောင့် အသင်းနဲ့အလုပ်လုပ်ရတာကို ကျွန်တော်ပျော်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အသလက်တီကိုအသင်းဟာ ၂၀၁၃ က ဂီတာဖေးအသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် ၂၁ ရာစုအတွင်း လာလီဂါပြိုင်ပွဲမှာ ဒုတိယမြောက် ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။