Laliga

ဘာစီလိုနာက မထုတ်ပယ်ခင် ရာသီအကုန်မှာ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ ဇာဗီ

ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ ဗီလာရီးရယ်လ်အသင်းကို ၅ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် နည်းပြဇာဗီက ဒီရာအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရီးရယ်လ်အသင်းကို စပိန်စူပါဖလားဗိုလ်လုပွဲမှာ ၄ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့သလို စပိန်ကိုပါဒယ်ရေးဖလားပွဲစဉ်မှာလည်း ဘီလ်ဘာအိုအသင်းကို အချိန်ပိုမှာ ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။အဲ့ဒါကြောင့် ဇာဗီဟာ ဘာစီလိုနာအသင်းနည်းပြရာထူးနဲ့ ပတ်သက်ပြီး ဖိအားတွေခံစားခဲ့ရတာဖြစ်ပါတယ်။

ဇာဗီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် ဗီလာရီးရယ်လ်အသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ဘာစီလိုနာအသင်းဟာ ဗီလာရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် လာလီဂါထိပ်ဆုံးနေရာမှာ ရှိတဲ့ ရီးရယ်လ်အသင်းနဲ့ ၁၀ မှတ်ကွာဟသွားပြီဖြစ်ပါတယ်။

ဇာဗီက “ဒီရာသီအကုန်ကိုကျော်ပြီး ဘာစီလိုနာအသင်းနည်းပြအဖြစ် ဆက်ရှိမှာမဟုတ်တော့ဘူးလို့ ကြေညာချင်ပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်က ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ အပြောင်းအလဲတွေပြုလုပ်ဖို့ အချိန်တန်ပါပြီ။ဒီဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ထင်ပါတယ်။ဒီကလပ်ကို ကျနော်ချစ်တယ်”လို့ ဆိုခဲ့ပါတယ်။

ဇာဗီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းကို စပိန်လာလီဂါဖလားနဲ့ စပိန်စူပါဖလားရယူပေးခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား