ဂရင်းဝုဒ်ဟာ ဘီလ်ဘာအိုအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဂီတာဖေးအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပထမဆုံးအကြိမ်ပါဝင်ခဲ့ပြီး ခြေစွမ်းပြ ဂိုးဖန်တီးမှုပြုလုပ်သွားခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းရဲ့ပြီးခဲ့တဲ့ပွဲစဉ် ၂ ပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပေမယ့် ဘီလ်ဘာအိုအသင်းနဲ့ ပွဲမှာတော့ နည်းပြ ဘော်ဒဲလက်စ်ရဲ့ပွဲထွက်လူစာရင်းမှာ အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဂရင်းဝုဒ်ဟာ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဂတ်စတွန်အယ်လ်ဗာရက်ဇ်ရဲ့သွင်းဂိုးကိုဖန်တီးပေးနိုင်ခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ဒီပွဲမှာ ဘီလ်ဘာအိုအသင်းပရိသတ်အချို့ရဲ့လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ဂရင်းဝုဒ်ဟာ ၂၀၂၂ ဇန်နဝါရီ ၂၂ ရက်က ဝက်စ်ဟမ်းအသင်းနဲ့ ပွဲမှာ ယူနိုက်တက်ရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ပြီးနောက် ရက်ပေါင်း ၆၁၃ ရက်အကြာမှ ဂီတာဖေးအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့တာပါ။

ဂရင်းဝုဒ်ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် လာမယ့် ဂီတာဖေးအသင်းရဲ့ပွဲစဉ်တွေမှာလည်း ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖွယ်ရှိနေပြီး မကြာခင်မှာ သွင်းဂိုးတွေကိုပါ မြင်တွေ့လာရဖွယ်ရှိနေတာဖြစ်ပါတယ်။