Laliga

လာလီဂါဆုဖလားအတွက် ဆက်ပြီးတိုက်ပွဲဝင်ဦးမယ်လို့ဆိုခဲ့တဲ့ ဇာဗီ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဂီတာဖေးအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ သူတို့ဟာ လာလီဂါဆုဖလားအတွက် ဆက်ပြီးတိုက်ပွဲဝင်သွားဦးမယ်လို့ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ နောက်ပိုင်းကစားခဲ့တဲ့ လာလီဂါပွဲတွေမှာ ရလဒ်ကောင်းတွေဆက်တိုက်ရရှိနေခဲ့ပြီး ဂီတာဖေးအသင်းကို အနိုင်ရခဲ့တာကြောင့် လာလီဂါအဆင့် ၂ နေရာကိုတက်နိုင်ခဲ့ပြီး အဆင့် ၁ နေရာက ရီးရယ်လ်အသင်းနဲ့ ၅ မှတ်ကွာဟနေတာပါ။ဒါပေမယ့် ရီးရယ်လ်နဲ့ ဂျီရိုနာအသင်းတို့ဟာ ပွဲမကစားရသေးတာကြောင့် ရမှတ်ကွာဟမှုနဲ့ အဆင့်ရပ်တည်မှုတွေဟာ အပြောင်းအလဲတွေဖြစ်သွားနိုင်သေးပါတယ်။

ဇာဗီကတော့ သူတို့ဟာ အမှတ်ပေးချန်ပီယံဆုအတွက်ဆက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်သလို ထိပ်ပိုင်းအသင်းတွေကို ဆက်ပြီးဖိအားပေးနိုင်ဖို့အတွက် ဒီလိုစွမ်းဆောင်ရည်မျိုးတွေလိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

ဇာဗီက”ကျနော်တို့ဆုဖလားအတွက် အရှုံးမပေးပါဘူး။အပတ်တိုင်းအနိုင်ရဖို့လိုအပ်ဆိုတာ ကျနော်တို့သိပါတယ်။အခု ကျနော်တို့ရှေ့တစ်လှမ်းတိုးပြီးဖြစ်တဲ့အတွက် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။ကျနော်တို့ဟာ ပုံစံကောင်းတွေရရှိနေပါတယ်”

“သင်္ချာနည်းအရ အခွင့်အရေးမရှိရင်တောင် ကျနော်တို့ ရီးရယ်လ်နဲ့ ဂျီရိုနာကို ဖိအားပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ဒီပွဲမှာလုပ်ခဲ့သလိုပဲ အနိုင်ရဖို့ ကျနော်တို့ အာရုံစိုက်သွားမှာပါ။လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ကျနော်တို့အတွက် အချိန်ရှိနေပါသေးတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဇာဗီက ဘာစီလိုနာအသင်းနည်းပြရာထူးကနေ ထွက်ခွာမယ့်ဆုံးဖြတ်ချက်ကို နောင်တမရဘူးလို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား