Laliga

မိမိရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ဘာကာရဲ့အနာဂတ်က တောက်ပနေတယ်လို့ ဆိုခဲ့တဲ့ ဇာဗီ

ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းကို အချိန်ပိုမှာ အရေးနိမ့်ပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းရဲ့အနာဂတ်က တောက်ပနေတယ်လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ယာမဲလ်အပါအဝင် ဆယ်ကျော်သက်ကစားသမားအချို့ကို အသင်းအတွက် အသုံးပြုနေတာဖြစ်ပြီး နည်းပြ ဇာဗီက ဒီကစားသမားတွေအပေါ် ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။ဇာဗီဟာ လာမာစီယာအကယ်ဒမီက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်တာကြောင့် ဒီအကယ်ဒမီက ကစားသမားတွေအပေါ် အလွန်မျှော်လင့်နေတာပါ။

ဇာဗီက “ကျနော့်ကို ယုံကြည်ပါ။ဘာစီလိုနာက အလွန်ကောင်းမွန်တဲ့ အနာဂတ်ရှိနေပါတယ်။ကျနော့်အကြောင်းကို ပြောနေတာမဟုတ်ဘဲ လူငယ်ကစားသမားတွေအကြောင်းကို ပြောနေတာပါ။ဒါကြောင့်လည်း သူတို့ကို ကျနော်အသုံးပြုနေတာဖြစ်ပြီး သူတို့အနာဂတ်အတွက် တကယ်ကိုအဆင်သင့်ဖြစ်စေချင်နေတာပါ။ကျနော်ဒီမှာရှိရှိ၊မရှိရှိ ဒီကောင်လေးတွေက ထူးခြားပါတယ်”လို့ ဆိုခဲ့ပါတယ်။

Barcelona players react as Athletic Bilbao’s Inaki Williams celebrates scoring his side’s third goal during the Copa del Rey quarterfinals soccer match between Athletic Bilbao and Barcelona at the San Mames stadium in Bilbao, Spain, on Wednesday, Jan. 24, 2024. (AP Photo/Alvaro Barrientos)

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရလဒ်တွေမကောင်းဖြစ်နေတာကြောင့် နည်းပြ ဇာဗီအပေါ်မှာ ဖိအားတွေကျရောက်နေပေမယ့် သူကတော့ အကောင်းဆုံးလုပ်ဆောင်ပြီး ကျန်ရှိနေတဲ့ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုစိန်ခေါ်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား