Laliga

အသလက်တီကိုက ပိုကောင်းခဲ့လို့ ရီးရယ်လ်ကို အနိုင်ရခဲ့တယ်လို့ အန်ဆယ်လေ့ာတီပြော

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက မက်ဒရစ်ဒါဘီပွဲစဉ်မှာ အသလက်တီကိုအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် အသလက်တီကိုအသင်းဟာ သူတို့ထက်ပိုပြီးကောင်းခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အသလက်တီကိုအသင်းဟာ ရီးရယ်လ်အသင်းကို ပွဲအစပိုင်းမှာတင် ဦးဆောင် ၂ ဂိုးရယူခဲ့တာကြောင့် ရီးရယ်လ်အသင်းဟာ အနောက်ကနေလိုက်ကစားခဲ့ရပြီး ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပေမယ့် အသလက်တီကိုအသင်းက အဆုံးသတ်ဂိုးသွင်းယူခဲ့တာကြောင့် ပွဲပြီးဆုံးသွားခဲ့တာပါ။အသလက်တီကိုအတွက်ဂိုးတွေကို မိုရာတာက ၂ ဂိုးသွင်းယူခဲ့ပြီး ဂရစ်ဇ်မန်းက ၁ ဂိုးသွင်းယူခဲ့ကာ ရီးရယ်လ်အတွက်ချေပဂိုးကို တိုနီကရူးစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ လာလီဂါအဖွင့်ပွဲစဉ် ၅ ပွဲစလုံးအနိုင်ရပြီး တာထွက်ကောင်းခဲ့ပေမယ့် အသလက်တီကိုအသင်းနဲ့အတွေ့မှာ ဒီမှတ်တမ်းဟာ ရပ်တန့်သွားခဲ့ရတာပါ။ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဒီပွဲမှာ သူတို့ဟာ ကောင်းမွန်စွာမကစားနိုင်ခဲ့တာကြောင့် အသလက်တီကိုအသင်းက သူတို့ထက် ပိုပြီးကောင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျွန်တော်တို့ ကောင်းမွန်စွာမစတင်နိုင်ခဲ့သလို ခံစစ်ပိုင်းကလည်း မကောင်းခဲ့ပါဘူး။သူတို့ဘက်က ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေတဲ့အချိန်မှာတော့ သူတို့လိုချင်တဲ့ပုံစံအတိုင်း ကစားသွားနိုင်ခဲ့ပါတယ်။ဒီပွဲမှာ သူတို့က ကျွန်တော်တို့ထက်ပိုပြီးကောင်းပါတယ်။ဒီရှုံးပွဲက ကျွန်တော့်ရဲ့အမှားတွေကြောင့်ပါ”လို့ ဆိုခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ကြားရက်ထဲမှာ လက်စ်ပါးမက်စ်အသင်းနဲ့ လာလီဂါပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား