Laliga

လာလီဂါပြိုင်ပွဲမှာ အဆင့် ၁ နေရာနဲ့ ၂၀၂၃ ကို နှုတ်ဆက်ခဲ့တဲ့ ရီးရယ်လ်

ရီးရယ်လ်အသင်းဟာ ဒီမနက်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ အလာဗတ်စ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပြီး ၂၀၂၃ ခုနှစ်ကို အဆင့် ၁ နေရာနဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန် ၅၄ မိနစ်မှာ နာချိုအနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ရီးရယ်လ်အသင်း ၁၀ ဦးတည်းနဲ့ ကစားခဲ့ရပေမယ့် ပွဲချိန် ၉၂ မိနစ်မှာ ဗတ်စ်ကွက်စ်က ရီးရယ်လ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ရီးရယ်လ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့ချိန်မှာ ဂျီရိုနာအသင်းက ဘက်တစ်အသင်းနဲ့ သရေကျသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရီးရယ်လ်အသင်းဟာ ဂျီရိုနာအသင်းကို ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ စပိန်လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်လိုက်ပြီး ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပါတယ်။စပိန်လာလီဂါ ၁၈ ပွဲကစားအပြီးမှာ ရီးရယ်လ်က အဆင့် ၁၊ ဂျီရိုနာက အဆင့် ၂ ၊ ဘာစီလိုနာအသင်းက ၇ မှတ်အကွာအဆင့် ၃ နဲ့ အသလက်တီကိုအသင်းက အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။

စပိန်လာလီဂါပွဲစဉ်တွေကို ဇန်နဝါရီပထမအပတ်မှာ ပြန်လည်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား