Laliga

လာလီဂါရဲ့ဂိုးသွင်းအများဆုံးစာရင်းမှာ ဆွာရက်ဇ်ကို ကျော်ဖြတ်ခဲ့တဲ့ ဂရစ်ဇ်မန်း

ဂရစ်ဇ်မန်းဟာ ဆယ်လ်တာဗီဂိုအသင်းနဲ့ပွဲမှာ ဟတ်ထရစ်ဂိုးသွင်းယူပြီးနောက် စပိန်လာလီဂါပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးဟာ ၁၈၁ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂရစ်ဇ်မန်းဟာ အသလက်တီကိုနဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ရဲ့၁၇၉ ဂိုးကို ကျော်ဖြတ်ပြီး စပိန်လာလီဂါပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားစာရင်းရဲ့နံပတ် ၁၆ နေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဂရစ်ဇ်မန်းအနေနဲ့ နောက်ထပ် ၆ ဂိုးထပ်ပြီးသွင်းယူနိုင်ခဲ့မယ်ဆိုရင် ဒေးဗစ်ဗီလာ၊ အက်ဒ်မန်ဒိုဆွာရက်ဇ်တို့ကို ကျော်ဖြတ်ပြီး နံပတ် ၁၂ နေရာအထိ တက်နိုင်ဖို့ အခွင့်အရေးရှိနေတာပါ။

လာလီဂါရဲ့ဂိုးသွင်းအများဆုံးထိပ်ဆုံး ၁၀ ဦးမှာရှိနေတဲ့သူတွေကတော့ ဂိုး ၂၀၀ အထက်သွင်းယူထားတာကြောင့် ပြင်သစ်ကစားသမားအနေနဲ့ ဒီအရေအတွက်ကို ရောက်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ အသလက်တီကိုအသင်းအတွက် ၁၁ ပွဲကစားထားအပြီးမှာ ၈ ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား