ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဒါလော့က ဒီနိုင်ပွဲဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အသက် ၈၆ နှစ်အရွယ်ရှိဂန္ထဝင် ဆာဘော်ဘီချာလ်တန်ကို ရည်စူးခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထဝင် ဆာဘော်ဘီချာလ်တန်ဟာ စနေနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးသမားအများအပြားက ဝမ်းနည်းကြောင်းရေးသားမှုတွေပြုလုပ်ခဲ့ကြတာပါ။ဆာဘော်ဘီချာလ်တန်ကွယ်လွန်တဲ့နေ့မှာ ယူနိုက်တက်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းအိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိကာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက်နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။ဒီပွဲအပြီးမှာ ဒါလော့က “ကျွန်တော်တို့ ဒီပွဲကို ကစားဖို့ရောက်တဲ့အချိန်မှာ ဆာဘော်ဘီချာလ်တန်အတွက် အနိုင်ရအောင်ကစားပေးဖို့ ဆန္ဒရှိခဲ့ပါတယ်”

“ဝမ်းနည်းတဲ့နေ့မှာ ကျွန်တော်တို့နိုင်ပွဲရအောင်ယူနိုင်ခဲ့လို့ ပျော်ရွှင်မှုအနည်းငယ်ပေးတယ်လို့ ခံစားရပါတယ်။ဒီပွဲမှာ ရရှိခဲ့တဲ့နိုင်ပွဲဟာ ဆာဘော်ဘီချာလ်တန်အတွက် ရည်စူးပါတယ်။ကျွန်တော်တို့ဟာ ယူနိုက်တက်မှာ မိသားစုတစ်ဆုပါပဲ”လို့ ဆိုခဲ့ပါတယ်။