Laliga

ဂရင်းဝုဒ်က မိမိတို့ကို နာကျင်စေခဲ့တယ်လို့ ဆိုခဲ့တဲ့ ဂရစ်ဇ်မန်း

ဂရစ်ဇ်မန်းက အသလက်တီကိုအသင်းနဲ့ ဂီတာဖေးအသင်းတို့ ၃ ဂိုးစီသရေကျခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဂရင်းဝုဒ်ကြောင့် သူတို့အသင်းနာကျင်ခဲ့ရတယ်လို့ ပြောလိုက်ပါတယ်။

ဒီပွဲမှာ အသလက်တီကိုအသင်းဟာ ဆာဗစ်ပထမပိုင်းမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် ဂီတာဖေးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။ဒါပေမယ့် ပွဲပြီးကာနီးတွေမှာ ပေးခဲ့ရတဲ့ ချေပဂိုးတွေကြောင့် အသလက်တီကိုအသင်း နိုင်ပွဲနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဒီပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းပြသမှုကို ဂရစ်ဇ်မန်းက ချီးကျူးခဲ့တာပါ။ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းထံ ရောက်ရှိလာပြီးကတည်းက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အသင်းကြီးတွေရဲ့ပစ်မှတ်အဖြစ် ရှိနေခဲ့တာပါ။

ဂရစ်ဇ်မန်းက “ဒီပွဲမှာ ဂရင်းဝုဒ်ဟာ ကျနော်တို့ကို အများကြီးနာကျင်စေခဲ့ပါတယ်။ကျနော်တို့ သူ့ကို မတားဆီးနိုင်ခဲ့တဲ့အတွက် သွင်းဂိုး ၂ ဂိုးခွင့်ပြုခဲ့ရတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ပွဲမှာ ဂီတာဖေးအသင်းအတွက် ၁ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ဂီတာဖေးအသင်းဟာ ဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား