Laliga

ဗီလာရီးရယ်လ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကို ပရိသတ်တွေကိုချီးကျုးမှုပြုလုပ်

ပရိသတ်တွေဟာ ဗီလာရီးရယ်လ်နဲ့ ဂီတာဖေးအသင်းတို့ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို ချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဂရင်းဝုဒ်ဟာ ဒီပွဲမှာ ဂီတာဖေးအသင်းဂိုးသွင်းယူနိုင်အောင် သူ့ရဲ့အားနည်းတဲ့ ညာခြေထောက်နဲ့ ဂိုးဧရိယာထဲ ပို့ပေးခဲ့တာပါ။ဒါ့အပြင် ဂရင်းဝုဒ်ဟာ ဗီလာရီးရယ်လ်ကစားသမားတွေကို လိမ်ခေါက်ဖြတ်ကျော်မှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြသသွားခဲ့တာဖြစ်ပါတယ်။ ဂီတာဖေးအသင်းဟာ ဒီပွဲမှာ နိုင်ပွဲမရခဲ့ပေမယ့် ပရိသတ်တွေဟာ ဂရင်းဝုဒ်ကို ချီးကျူးမှုတွေပြုလုပ်သွားခဲ့တာပါ။

ပရိသတ်တစ်ဦးက ဂရင်းဝုဒ်ဟာ လာလီဂါအတွက်အလွန်ကောင်းလွန်းတယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပြီး နောက်တစ်ဦးက ဂရင်းဝုဒ်က မီးတောက်လိုတောက်လောင်နေပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။နောက်ထပ်တစ်ဦးကလည်း ဂရင်းဝုဒ်ကိုနွေရာသီမှာ ခေါ်ယူမယ့်အသင်းဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးကို ရရှိမှာလို့ ဆိုခဲ့ကြတာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက်အသင်းကနေ အပြီးသတ်ထွက်ခွာဖို့ ရှိနေပြီး အသလက်တီကိုမက်ဒရစ်အသင်းအပါအဝင် အသင်းကြီးတချို့က သူ့ကို စောင့်ကြည့်မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား