Laliga

ဆီဗီလာနဲ့ပွဲမှာခြေစွမ်းပြပြီး ယူနိုက်တက်ပရိသတ်တွေကို လွမ်းခိုင်းခဲ့တဲ့ ဂရင်းဝုဒ်

တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းက ဆီဗီလာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြပြီး ယူနိုက်တက်အသင်းပရိသတ်တွေကို လွမ်းဆွတ်စေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ဂရင်းဝုဒ်ဟာ ဒီပွဲမှာ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းကို ရောက်ရှိလာကတည်းက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အသင်းပရိသတ်တွေရဲ့အချစ်တော်ကစားသမားလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ၁၄ ပွဲပါဝင်ကစားအပြီးမှာ ၅ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးထားတာပါ။ဂရင်းဝုဒ်ရဲ့ခြေစွမ်းတွေကြောင့် ဂီတာဖေးအသင်းက သူ့ကို အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်နေသလို ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့စောင့်ကြည့်ခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။

ဂီတာဖေးအသင်းဟာ ဆီဗီလာအသင်းကို အနိုင်ရခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား