Laliga

ဗလင်စီယာနဲ့ သရေကျပြီး နောက်ဆုံး ၃ ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဒီမနက်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဗလင်စီယာအသင်းနဲ့ ၁ ဂိုးစီသရေကျသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ ဂျာအိုဖီးလစ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂူလာမွန်ရဲ့ချေပဂိုးကြောင့် ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။ဂျာအိုဖီးလစ်ဟာ နောက်ဆုံး ၄ ပွဲမှာ ဘာစီလိုနာအသင်းအတွက် ၃ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အသင်းကို နိုင်ပွဲရအောင်တော့ မစွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီး၊ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုတွေမှာ ဗလင်စီယာအသင်းကို အသာရခဲ့ပေမယ့် ဗလင်စီယာအသင်းဂိုးသမား လက်စွမ်းပြသနေတာကြောင့် နိုင်ပွဲနဲ့ ဝေးကွာခဲ့ရတာပါ။ဘာစီလိုနာအသင်းဟာ ဒီပွဲအပါအဝင် ဂျီရိုနာအသင်းနဲ့ လာလီဂါ၊ အန့်ဝပ်နဲ့ ချန်ပီယံလိဂ်ပွဲ ၃ ပွဲဆက်နိုင်ပွဲနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ လာလီဂါအမှတ်ပေးဇယားအဆင့် ၃ နေရာမှာရပ်တည်နေပေမယ့် ထိပ်ဆုံးနေရာက ဂျီရိုနာအသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၆ မှတ်ကွာဟသွားခဲ့တာပါ။ဘာစီလိုနာအသင်းဟာ လာမယ့်ကြားရက်ထဲမှာ လာလီဂါပွဲစဉ်အဖြစ် အယ်လ်မားရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား