Laliga

ဘာကာကို ဂိုးသွင်းပြီး ‘SIU’ အောင်ပွဲခံခဲ့တာက ရော်နယ်ဒိုအတွက်လို့ပြောခဲ့တဲ့ ဗီနီစီးယက်စ်

ရီးရယ်လ်အသင်းက ဘာစီလိုနာအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ စပိန်ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဗီနီစီးယက်စ်က ဒီပွဲမှာ အဖွင့်ဂိုးသွင်းယူပြီးနောက် ရော်နယ်ဒိုရဲ့နာမည်ကျော်အောင်ပွဲခံဟန် ‘SIU’ ပြုလုပ်ပြီးအောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။

ဗီနီစီးယက်စ်ဟာ ဒီပွဲမှာ ဘာစီလိုနာအသင်းဘက်ကို ပထမပိုင်းမှာကတည်းက ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ဆော်ဒီကလပ် အယ်လ်နာဆာအသင်းရဲ့အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဗီနီစီးယက်စ်ဟာ ပွဲချိန် ၇ မိနစ်မှာ ဂိုးသွင်းယူပြီးနောက် ရော်နယ်ဒိုရဲ့အောင်ပွဲခံဟန်ကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဗီနီစီးယက်စ်က”ဒီအောင်ပွဲခံမှုက ရော်နယ်ဒိုကို ရည်ရွယ်ပြီး ပြုလုပ်တာပါ။ဘာကြောင့်လဲဆိုရင် ရော်နယ်ဒိုက ကျနော့်ရဲ့အိုင်ဒေါဖြစ်ပြီး လက်ရှိဒီမှာ ကစားနေလို့ပါ”လို့ ဆိုခဲ့ပါတယ်။

ဒဏ်ရာတွေကြောင့် မကြာခဏအနားယူနေရတဲ့ ဗီနီစီးယက်စ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၆ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား