Laliga

ဗလင်စီယာနဲ့ပွဲက အနီကတ်ကြောင့် ၂ ပွဲပယ်ခံခဲ့ရတဲ့ ဘယ်လင်ဂမ်

ရီးရယ်လ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ဗလင်စီယာနဲ့ ရီးရယ်လ်အသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဘယ်လင်ဂမ်ဟာ ဒီပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာ ရီးရယ်လ်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးကို အသင်းဖော်တွေနဲ့အတူ စောဒကတက်ခဲ့ရာမှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာပါ။အဲ့ဒါကြောင့် ဘယ်လင်ဂမ်ဟာ လာလီဂါပွဲစဉ်၂ ပွဲကိုလွဲချော်တော့မှာဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်ကစားသမားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေ ကွင်းလယ်ဒိုင်လူကြီးကို ဝိုင်းဝန်းစောဒကတက်နေချိန်မှာ ကွင်းလယ်ဒိုင်လူကြီးကို မထီမဲ့မြင်ပြုလုပ်ခဲ့တယ်လို့ ပြောထားပါတယ်။ဘယ်လင်ဂမ်ဟာ ဒဏ်ရာကြောင့် ၃ ပတ်ကြာအနားယူပြီး ရီးရယ်လ်အသင်းအတွက် ပထမဆုံးပြန်ကစားတဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရတာပါ။

ဘယ်လင်ဂမ်ဟာ ပွဲပယ်အပြင် ဒဏ်ကြေးငွေ ယူရို ၆၀၀ နဲ့ ရီးရယ်လ်အသင်းက ယူရို ၇၀၀ ပေးရမှာဖြစ်ပါတယ်။ရီးရယ်လ်အသင်းဟာ ဘယ်လင်ဂမ်ရဲ့အနီကတ်ကို အယူခံဝင်ခဲ့ပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပယ်ချခဲ့တာပါ။ဘယ်လင်ဂမ်ဟာ ပွဲပယ်ကြောင့် နိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်ကစားမယ့် ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်မှ ရီးရယ်လ်အသင်းအတွက် ပြန်လည်ပါဝင်နိုင်တော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား