Laliga

ဘက်တစ်နဲ့ပွဲမှာ အားနည်းတဲ့ညာခြေနဲ့ ပင်နယ်တီသွင်းခဲ့တဲ့ ဂရင်းဝုဒ်

ဂရင်းဝုဒ်ဟာ ဘက်တစ်နဲ့ ဂီတာဖေးအသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ သူ့ရဲ့အားနည်းတဲ့ ညာခြေထောက်နဲ့ ပင်နယ်တီဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဂီတာဖေးအသင်းဟာ ဂရင်းဝုဒ်ရဲ့ပွဲချိန် ၈ မိနစ်မှာသွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် ၃၅ မိနစ်မှာ အစ္စကိုက ပင်နယ်တီကနေ ဘက်တစ်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့လို့ ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ အငှားနဲ့ ရောက်ရှိလာပြီးကတည်းက ဂီတာဖေးအသင်းအတွက် ခြေစွမ်းပြသနေတာပါ။

ဂရင်းဝုဒ်ဟာ သူ့ရဲ့အမှားကြောင့် စပိန်လာလီဂါမှာ ပြိုင်ဘက်အသင်းတွေနဲ့ ပြိုင်ဘက်ကစားသမားအချို့ရဲ့လှောင်ပြောင်မှုတွေ၊ပြောဆိုမှုတွေကို ခံနေရပေမယ့် ဘောလုံးကိုသာ အပြည့်အဝအာရုံစိုက်ထားတာဖြစ်ပါတယ်။ဂရင်းဝုဒ်ဟာ အခုဆိုရင် ဂီတာဖေးအသင်းအတွက် ၂၂ ပွဲကစားအပြီးမှာ ၇ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးပြီး သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာပါ။

ဂရင်းဝုဒ်ဟာ ဒီရာသီအကုန်မှာ ယူနိုက်တက်အသင်းထံ ပြန်ရမှာဖြစ်ပေမယ့် ယူနိုက်တက်အသင်းက သူ့ကို ရောင်းချဖို့ စီစဉ်နေပြီး ဂီတာဖေးအသင်းကတော့ အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား