Laliga

ဘီလ်ဘာအိုကို အရေးနိမ့်တဲ့ပွဲမှာ ဆီဗီလာပရိသတ်တွေကို ပြန်ဖြဲခဲ့တဲ့ ရာမို့စ်

ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ဆီဗီလာအသင်းက ဘီလ်ဘာအိုအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ပွဲအပြီး အင်တာဗျူးဖြေဆိုနေချိန်မှာ အသင်းကို အားပေးတဲ့ ပရိသတ်တွေကို ပြန်ပြီးအော်ဟစ်မှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ရလဒ်တွေဆိုးနေတဲ့ ဆီဗီလာအသင်းဟာ ဘီလ်ဘာအိုအသင်းကို အရေးနိမ့်ခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားအဆင့် ၁၆ နေရာကို ရောက်ရှိသွားခဲ့ပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်သာကွာဟတော့တာပါ။ရာမို့စ်ဟာ ပွဲပြီးဆုံးချိန်မှာ ဆီဗီလာအသင်းပရိသတ်တွေရဲ့အနီးမှာ DAZN နဲ့ အင်တာဗျူးဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ ပရိသတ်တွေရဲ့အော်ဟစ်မှုကြောင့် ရာမို့စ်ဟာ ဒေါသထွက်ခဲ့ပြီး အင်တာဗျူးဖြေဆိုတာကနေ လက်ညိုးငေါက်ငေါက်ထိုးကာ ပြန်တုံ့ပြန်ခဲ့တာပါ။ရာမို့စ်က “လေးစားမှုထားပြီး တိတ်တိတ်လေးနေပေးပါ။ရုပ်သံရိုက်ကူးနေတာကို လေးစားပေးပါ။ကျနော်တို့ စကားပြောနေပါတယ်။လူတွေကို လေးစားမှုရှိပါ”လို့ ပရိသတ်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

ဆီဗီလာအသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ၂ ဦးအပြောင်းအလဲပြုလုပ်ခဲ့ရပြီး လက်ရှိကိုင်တွယ်နေတဲ့ ဖလောရက်ဇ်က ဒီရာသီ အသင်းရဲ့တတိယမြောက်နည်းပြဖြစ်လာခဲ့တာပါ။ဆီဗီလာအသင်းဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ နိုင်ပွဲမရခဲ့ဘဲ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား