Laliga

ပွဲကြပ်တွေရင်ဆိုင်ရမယ့်အချိန်မှာ ပီဒရီနဲ့ ဒီဂျောင်တို့ကို လက်လွှတ်ရမယ့် ဘာစီလိုနာ

ဘီလ်ဘာအိုနဲ့ ဘာစီလိုနာအသင်းတို့ဂိုးမရှိသရေကျခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ပထမပိုင်းမှာ ပီဒရီနဲ့ ဒီဂျောင်တို့ဟာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ကွင်းလယ်မှာ ဒဏ်ရာအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

သူတို့၂ ဦးဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ဘီလ်ဘာအိုအသင်းနဲ့ပွဲမှာ ဒဏ်ရာထပ်ရသွားခဲ့လို့ ပထမပိုင်းအတွင်းမှာပဲ လူစားလဲခဲ့ရတာပါ။ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲတွေအပြင် လာလီဂါမှာရလဒ်ကောင်းတွေရရှိဖို့ အားထုတ်ကြိုးပမ်းနေတဲ့အချိန်မှာ ပီဒရီနဲ့ ဒီဂျောင်တို့ရဲ့ဒဏ်ရာဟာ ဘာစီလိုနာအသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဇာဗီက”ပီဒရီနဲ့ ဒီဂျောင်တို့ရဲ့ဒဏ်ရာတွေကိုကြည့်ရတာမကောင်းပါဘူး။ကံမကောင်းပါဘူး၊ ပြင်းထန်ပုံရပါတယ်။သူတို့အနည်းငယ်အနားယူရမှာဖြစ်လို့ ကျနော်တို့အတွက် စိတ်ပျက်စရာပါပဲ။သူတို့အကြာကြီးအနားမယူရဖို့ မျှော်လင့်တယ်”လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီဂျောင်နဲ့ ပီဒရီတို့မတိုင်ခင် ဂါဗီ၊အလွန်ဆို၊ဘယ်လ်ဒီနဲ့ ဖာရန်တောရက်စ်တို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးထားရတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းနဲ့ပွဲမှာ သရေကျခဲ့တာကြောင့် စပိန်လာလီဂါအဆင့် ၃ နေရာမှာဆက်လက်ရပ်တည်နေပြီး အဆင့်၂ နေရာက ဂျီရိုနာအသင်းနဲ့ ၁ မှတ်၊ အဆင့် ၁ နေရာက ရီးရယ်လ်အသင်းနဲ့ ၈ မှတ်ကွာဟနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား