Laliga

အေတီကိုကို အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ရီးရယ်လ်ကို ဖိအားပေးနေတဲ့ ဂျီရိုနာ

ဒီရာသီမှာ ခြေစွမ်းပြသနေတဲ့ ဂျီရိုနာအသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသလက်တီကိုအသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ပွဲကအပြန်အလှန်သွင်းဂိုးတွေနဲ့ အလွန်ကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၅၄ မိနစ်အတွင်းမှာ ၃ ဂိုးစီသရေရလဒ်ထွက်ပေါ်နေခဲ့တာပါ။ဒါပေမယ့် ၉၁ မိနစ်မှာ ဂျီရိုနာအသင်းက အဖိုးတန်အနိုင်ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဂျီရိုနာအသင်းအတွက်ဂိုးတွေကို ဖာနန်ဒက်ဇ်၊ဆာဗီယို၊ဘလိုင်းနဲ့ မာတင်တို့က သွင်းယူခဲ့တာပါ။

အသလက်တီကိုအသင်းအတွက်ဂိုးတွေကို မိုရာတာတစ်ဦးတည်းက ၃ ဂိုးစလုံးသွင်းယူခဲ့တာဖြစ်ပါတယ်။ဂျီရိုနာအသင်းဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းရော အသလက်တီကိုအသင်းကို သူတို့ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။

ဒီရာသီမှာ ရပ်တန့်လို့မရတဲ့ ဂျီရိုနာအသင်းဟာ စပိန်လာလီဂါပွဲစဉ် ၁၉ ပွဲကစားအပြီးမှာ ထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ရမှတ်တူညီနေပေမယ့် ဂိုးကွာခြားချက်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား